Windows 10 Backup & Restore လုပ်နည်း

 ကွန်ပျူတာအသုံးပြုနေရသူတွေအနေဖြင့် Backup လုပ်ထားဖို့ ကလည်း အရေးကြီးလုပ်ဆောင်ထားရမယ့် အရာတွေထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။ External Drive ကို စက်မှာထည့်ထားပါ။ Hard Disk Partition တစ်ခုပေါ်မှာ backup လုပ်ထားမယ်ဆိုရင် မလိုပါဘူး။ Run box မှာ (C:\Windows\System32\sdclt.exe) ကိုရိုက်ထည့်ပြီး Backup and Restore (Windows 7) ထဲကို ဝင်လိုက်ပါ။ All Control Panel ကိုထဲကနေလည်း ဝင်လို့  ရတယ်။

 ဒါမှမဟုတ် Settings\Update&Security\Backup\More Options\ Advanced Settings (or) Go to Backup and Restore ကို နှိပ်လိုက်ပါ။ အဲ့ဒီမှာ Turn Off Schedule ဆိုတာက ဘယ်အချိန် ရောက်ရင် backup လုပ်မယ်လို့  အချိန်သတ်မှတ်ခဲ့တာကို ပိတ်ဖို့ ပါ။ Create a system image က backup အသစ်လုပ်ဖို့ ၊ Create a system repair disc ဆိုတာက DVD ခွေနဲ့  Repair Disc လုပ်ဖို့ ပါ။ Backup now ဆိုတာက ဘာအချိန်ဇယားတွေမှ ဆွဲမနေဘူး၊ အခုချက်ချင်း backup လုပ်ဖို့ ၊ အောက်ဆုံးက Restore all users files and restore my files ဆိုတာက backup လုပ်တဲ့အခါမှာ All user files ဆိုတာကိုပါ ရွေးပေးခဲ့ရင် စက်ပျက် သွားလို့ ပြန် restore လုပ်ဖို့ ပါ။ အနီရောင်အကွက်ကြီးနဲ့ က Windows ရဲ့  normal backup schedule ပါ။ 35 ရက်ကို တစ်ခါ Backup လုပ်ထားပါတယ်။ ဘယ်အချိန်မှာ backup လုပ်ဖို့ ကို schedule အောက်က change settings မှာ မိမိစိတ်ကြိုက် schedule သတ်မှတ်ပေးထားလို့ ရပါတယ်။ 

 System Image နဲ့  Backup အသစ်လုပ်မှာဖြစ်တဲ့အတွက် Create a system image ကိုနှိပ်ပါ။ ပထမဆုံး On a hard disk ဆိုတာက HDD Drive မှာ backup လုပ်ဖို့ သီးသန့် partition အလွတ်ရှိတယ်ဆိုရင်ရွေးပါ။ သို့ မဟုတ် External Drive ကိုရွေးပါ။ ကျနော်က External Drive နဲ့ Partition အလွတ်တစ်ခုမှာပါ Backup လုပ်ထားပါတယ်။ တကယ်လို့ HDD ပျက်သွားခဲ့ရင်ပြန်ဆယ်နိုင်အောင်လို့ ပါ။ အောက်နှစ်ခုက DVD Drive နဲ့  တစ်ခြားစက်ထဲက drive တစ်ခုမှာ Network ပေါ်ကနေ backup လုပ်မယ်ဆိုရင်ရွေးပါ။ သိပ်တော့ မလုပ်ကြပါဘူး။ Backup ကို သိမ်းထားချင်သည့် Drive တစ်ခုကိုရွေးပါ။ ကျနော်က Backup လို့ ရေးထားတဲ့ F:\ Partition ကိုရွေးထားပါတယ်။ အဲ့ဒီမှာ ဘယ် drive တွေကို backup လုပ်မလဲရွေးပါ။ အကုန်လုံးကိုရွေးရင် backup သိမ်းထားမယ့် drive က GB များဖို့ လိုပါတယ်။ ကျနော်က Windows system Image ပဲ backup လုပ်မှာဖြစ်တဲ့အတွက် Windows တင်ထားတဲ့ C:\ အပိုင်းကိုပဲ ရွေးလိုက်ပါတယ်။ Next နှိပ်ဆက်နှိပ်လိုက်ရင် backup သိမ်းထားမယ့် drive က backup လုပ်မယ့် drive ပမာဏလုံလောက်မှုရှိ၊မရှိ အောက်ဆုံးမှာ အဝါ Exclamation mark နဲ့ စာသားပေါ်နေပါမယ်။ လုံးလောက်မှု ရှိတယ်ဆိုရင် Next ကိုဆက်နှိပ်ပါ။ Backup လုပ်မှာသေချာပြီဆိုရင် Start backup ကိုနှိပ်ပြီး ပြီးတဲ့အထိစောင့်နေလိုက်ပါ။ နည်းနည်းတော့ ကြာပါမယ်။ 

Windows10 Insider preview Build 17025 System Image files သီးသန့် ကို External drive မှာ backup လုပ်ထား တာတော့ 8 GB နီးပါးရှိပါတယ်။ Partition တစ်ခုအပေါ်မှာ backup လုပ်တာတော့ C:\ အောက်မှာ install လုပ်ထားတဲ့ program များရင် များသလောက် အချိန်ကြာနိုင်ပါတယ်။ စက်က Boot ကိုမတက်တော့လို့ ၊ ပျက်သွားလို့ ဘယ်လိုမှဖွင့်လိုမှ ဖွင့်လို့ မရတော့ဘူးဆိုရင် Windows တင်သလိုပဲ Windows10 ခွေကို DVD drive ထဲထည့်ပြီး ခွေနဲ့ boot တက်ပါ။ Install now ဆိုတဲ့ နေရာရောက်ရင် အဲ့အောက်မှာ Repair your computer ကို နှိပ်ပါ။ Choose an option မှာ Troubleshoot ကိုရွေးပါ။ System Image Recovery ကိုနှိပ်ပါ။ Windows10 ကိုရွေးပါ။ Re-image your computer လို့ ပေါ်လာရင် Use the latest available system image ကိုရွေးပြီး Next နှိပ်ပါ။ Format and repartition disks ဆိုတာကို လုံးဝအမှန်ခြစ် မခြစ်ထားခဲ့ပါနဲ့ ။ အကုန်ပျက်သွားပါလိမ့်မယ်။ ကျော်ခဲ့လိုက်ပြီး Next နှိပ်၊ မြန်မာ Time Zone ရွေးပြီး Finish နှိပ်၊ Confirm ဖြစ်ဖို့ Yes ကို နှိပ်ပြီး ပြီးတဲ့ အထိစောင့်နေလိုက်ပါ။ နောက်ဆုံး backup လုပ်ထားတဲ့ နေရာကစပြီး အကုန်ပြန်ရမှာပါ။


No automatic alt text available. 


No automatic alt text available.

Image may contain: text

No automatic alt text available.

No automatic alt text available.

No automatic alt text available.

No automatic alt text available.

Image may contain: text

No automatic alt text available.