ကွန်ပျူတာ User Account Picture အကြောင်းများ (1) User Account Picture ပြောင်းနည်း (2) User Account ပုံအဟောင်းတွေ ဖျက်နည်း (3) Default Account Picture Reset/Restore လုပ်နည်း (4) Current User Account ပုံကို Login Screen မှ ဖျောက်၊ Remove လုပ်နည်း (1) User Account Picture ပြောင်းနည်း User Account Picture ပြောင်းတာကတော့ အလွယ်လေးပါ။ အားလုံးလုပ်တတ်မယ်ထင်ပါတယ်နော်။ Control Panel\All Control Panel Items\User Accounts\Change Your Picture ထဲဝင်ပါ။ Search box မှာ change user account picture ရိုက်ရှာပြီးဝင်လည်းရတယ်။ Shortcut key နဲ့ ဝင်ချင်ရင် Windows Key နဲ့ I ကိုတွဲနှိပ်။ Run box မှာဆိုရင် (ms-settings:) Enter နှိပ်၊ Command line အသုံးပြုတာကို နှစ်သက်သူဆိုရင်တော့ cmd မှာ (start ms-settings:) ကိုရိုက်ထည့်ပြီး Account ကိုနှိပ်ဝင်လိုက်ပါ။ မိမိဝင်တတ်သလို ၀င်လို့ ရတယ်နော်။ Change your picture အောက်မှာ မိမိကြိုက်တဲ့ပုံကို ကွန်ပျူတာထဲကနေ Browse လုပ်ပြီး ပြောင်းလို့ ရတယ်။ (2) User A...
Posts
Windows 10 Backup & Restore လုပ်နည်း ကွန်ပျူတာအသုံးပြုနေရသူတွေအနေဖြင့် Backup လုပ်ထားဖို့ ကလည်း အရေးကြီးလုပ်ဆောင်ထားရမယ့် အရာတွေထဲမှာ တစ်ခုအပါဝင်ဖြစ်ပါတယ်။ External Drive ကို စက်မှာထည့်ထားပါ။ Hard Disk Partition တစ်ခုပေါ်မှာ backup လုပ်ထားမယ်ဆိုရင် မလိုပါဘူး။ Run box မှာ (C:\Windows\System32\sdclt.exe) ကိုရိုက်ထည့်ပြီး Backup and Restore (Windows 7) ထဲကို ဝင်လိုက်ပါ။ All Control Panel ကိုထဲကနေလည်း ဝင်လို့  ရတယ်။ ဒါမှမဟုတ် Settings\Update&Security\Backup\More Options\ Advanced Settings (or) Go to Backup and Restore ကို နှိပ်လိုက်ပါ။ အဲ့ဒီမှာ Turn Off Schedule ဆိုတာက ဘယ်အချိန် ရောက်ရင် backup လုပ်မယ်လို့  အချိန်သတ်မှတ်ခဲ့တာကို ပိတ်ဖို့ ပါ။ Create a system image က backup အသစ်လုပ်ဖို့ ၊ Create a system repair disc ဆိုတာက DVD ခွေနဲ့  Repair Disc လုပ်ဖို့ ပါ။ Backup now ဆိုတာက ဘာအချိန်ဇယားတွေမှ ဆွဲမနေဘူး၊ အခုချက်ချင်း backup လုပ်ဖို့ ၊ အောက်ဆုံးက Restore all users files and restore my files ဆိုတာက backup လုပ်တဲ့အခါမှာ All user files ဆိုတာကိုပါ ရွေးပေး...